Pages

Pages

အမာမြို့၌ အိမ်ထောင်စုလူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေး Working Group အဖွဲ့များမှ တစ်အိမ်တက်ဆင်း စာရင်းများ ဆက်လက်ကောက်ယူ





MNP  -  ဇန်နဝါရီ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ရပ်ကွက်၊ ကျေးရွာအလိုက် အိမ်ထောင်စုလူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေး Working Group အဖွဲ့များမှ ယနေ့နံနက်(၈)နာရီမှစ၍ မြို့ပေါ်ရပ်ကွက်များနှင့် ဘဝသစ်ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် စာရင်းများ ဆက်လက် ကောက်ယူလျက်ရှိသည်။


အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းများ ကောက်ယူရာတွင် ဇန်နဝါရီလ(၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူများ၊ အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရပ်ကွက်နှင့်ကျေးရွာများတွင် အိမ်ထောင်စုလူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်းစာရင်းများ ကောက်ယူနေကြသော ကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၊ စာရေးဝန်ထမ်းများ၊  ပညာရေးဝန်ထမ်းများ၊  လူမှုရေး အသင်းအဖွဲ့များက စာရင်းကောက်ယူရေးလုပ်ငန်းစဥ်များ အဆင်ပြေ‌ကြ‌စေရန်၊ တိကျမှန်ကန်မှုရှိစေရန်  စာရင်းကောက်ကွက်တစ်ခုလျှင် တစ်ရက် အိမ်ခြေ(၂၅)အိမ်နှုန်းဖြင့် သတ်မှတ်ကောက်ယူလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment