မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မောင်တောမြို့နယ်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်းများအား ကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မောင်တောမြို့နယ်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်းများအား ကြည့်ရှု




MNP  - ဇန်နဝါရီ ၉

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ မြို့နယ်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ (Working Group) များအိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်းများအား   ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ ဝင်များ ၊ တာဝန်ရှိသူများက ယနေ့ နေ့လယ် ၁ နာရီအချိန် မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်း ကြည့်ရှု ခဲ့ကြ သည်။


မောင်တောမြို့နယ်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စုလူဦးရေ စာရင်း မြေပြင်ကွင်းဆင်း ကောက်ယူမှုများကို မြို့ပေါ် ရပ်ကွက်များဖြစ်သည့်  မြို့မအရှေ့ ၊ မြို့မ အနောက် ၊ မြို့မတောင် ၊ မြို့မမြောက် ရပ်ကွက်များ နှင့် ကျေးရွာအုပ်စုများတွင် အိမ်ထောင် စု လူဦး ရေ စာ ရင်း ကောက် ယူမှု များကို ဇန်နဝါရီ ၉ ရက်မှ ၃၀ ရက် အထိ အဖွဲ့ (၇၈)ဖွဲ့ဖြင့် စာရင်းကောက်ယူမည်ဖြစ်ကာ ကောက် ကွက်တစ်ဖွဲ့လျှင် အဖွဲ့ဝင် (၅)ဦး နှုန်းဖြင့်  ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၆၆)အုပ်စု၌ ကောက်ကွက်ပေါင်း ၇၈ ကွက် ကောက်ယူမည်ဖြစ်ပြီး ကွင်းဆင်း ကောက်ယူရေးအဖွဲ့များအနေဖြင့် မှန်ကန်မြန်ဆန်စွာ ကောက်ယူနိုင်ရေး သင်တန်းများ ဖွင့်လှစ်ပို့ချထားပြီး ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မောင်တောမြို့နယ်ဦးစီးမှူး ဦး ကျော်ရှိန်ထံမှ သိရ သည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)