Pages

Pages

၂၀၁၉-၂၀၂၀ ခု၊ ပညာသင်နှစ်(A.G.T. I) ဒီပလိုမာအပ်နှင်းပွဲအခမ်းအနား သံတွဲ၌ကျင်းပ



MNP   -   ဖေဖေါ်ဝါရီ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာအသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(သံတွဲ)မှ ကြီးမှူးကျင်းပသည့် ၂၀၁၉-၂၀၂၀ ခု၊ ပညာသင်နှစ်(A.G.T. I) ဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက သံတွဲမြို့ ဒွါရာဝတီ မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ နိုင်ငံတော်သီချင်းအားဖွင့်လှစ်၍ ကြွရောက်လာကြသည့်ဧည့်ပရိတ်သတ်များနှင့်  ဒီပလိုမာအောင်လက်မှတ်ရယူမည့် ကျောင်းသား/သူများအားလုံးမတ်တပ်ရပ်၍ နိုင်ငံတော်အလံကို အလေးပြုကြသည်။ထို့နောက်ကျောင်းအုပ်ဆရာကြီး ဦးမျိုးမြင့်ခိုင်က ၂၀၁၉-၂၀၂၀ ခု၊ ပညာသင် နှစ်(A.G.T. I) ဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကိုစတင်ဖွင့်လှစ်ကြောင်းကြေငြာသည်။ ထို့နောက် ဒီပလိုမာအောင်လက်မှတ်ရယူမည့် ကျောင်းသား/သူများအားလုံးနှင့် အမေးအဖြေပြုလုပ် ကတိသစ္စာပြုကြသည်။


ဆက်လက်၍ (A.G.T. I) ဒီပလိုမာများအတွက် ကောင်းစွာအောာင်မြင်ပေါက်မြောက်ခဲ့သည်ဟု သက်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့က ကြေငြာခြင်းခံရသူများအား ကျောင်းအုပ်ဆရာကြီးဦးမျိုးမြင့်ခိုင်က ဘာသာရပ်အလိုက် (A.G.T. I) ဒီပလိုမာအောင်လက်မှတ်များကို တစ်ဦးခြင်းပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။


ထိုသို့ (A.G.T. I) ဒီပလိုမာအောင်လက်မှတ်များပေးအပ်ရာတွင် တက်ရောက်ယူသည့် (A.G.T. I) ဒီပလိုမာ(မြို့ပြအင်ဂျင်နီယာ)( ၃၇ )ဦး၊ အဝေးရောက်(၈)ဦး၊ (A.G.T. I) ဒီပလိုမာ (လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ)( ၂၅ )ဦး၊ အဝေးရောက်(၁၃)ဦး၊ (A.G.T. I) ဒီပလိုမာ(စက်မှုအင်ဂျင်နီယာ)( ၃၄ )ဦး၊ အဝေးရောက်(၁၀)ဦး စုစုပေါင်း (၁၂၇)ဦးတို့အား ဒီပလိုမာအောင်လက်မှတ်များပေးအပ်ခဲ့ကြောင်း သက်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ထံမှသိရှိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment