Pages

Pages

မိုးညှင်းမြို့၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး Auto CAD သင်တန်းဆင်းပွဲကျင်းပ


MNP   -   ဖေဖော်ဝါရီ ၂၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး Auto CAD သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်က သင်တန်းဆင်း အမှာစကားပြောကြား၍ သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သော အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)မှ သင်တန်းနည်းပြ ဆရာမများအား ခရိုင်ကျေးလက်ဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးလင်းက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


အဆိုပါ Auto CAD သင်တန်းကို ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအတိုင်း ကွန်ပျူတာနည်းစနစ်များဖြင့် ကောင်းမွန်စွာ အသုံးပြုနိုင်ရန်နှင့် လုပ်ငန်းခွင်တွင် ကျွမ်းကျင်မှုရှိစေရန်ရည်ရွယ်၍ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး (Auto CAD)သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဌာနခွင့်ပြုရန်ပုံငွေကျပ် (၁) ဒဿမ (၄)သန်းဖြင့် ဖေဖော်ဝါရီ (၂)ရက်မှ (၁၆)ရက်အထိ (၁၅)ရက်ကြာ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး ထိုသင်တန်းတွင် မိုးညှင်းခရိုင်ကွပ်ကဲမှုအောက်ရှိ မြို့နယ် သုံးမြို့နယ်မှ ဝန်ထမ်း(၁၅)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း ခရိုင်ကျေးလက်ဦးစီးဌာနမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment