Pages

Pages

ဆီဆိုင်မြို့နယ်၌ နိုင်ငံမြှင့်တင်ရေးစီးပွားရေးရန်ပုံငွေမှ မိုးစပါး၊ နွေစပါး ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများထံ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ


MNP   -    ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံမြှင့်တင်ရေးစီးပွားရေးရန်ပုံငွေမှ မိုးစပါး၊ နွေစပါး ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများထံ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က နောင်မွန်ကျေးရွာအုပ်စု၊ ဆမ်ဆိုင်ကျေးရွာရှိ ပညာအလင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အတွင်းရေးမှူး ဦးကျော်ကြင်တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းနိုင်ဝင်းက ချေးငွေလျှောက်လွှာ၊ စာချုပ်ပုံစံများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မိုးစပါး၊ နွေစပါးထိခိုက်ပျက်စီးခဲ့သည့် နောင်မွန်ကျေးရွာအုပ်စုရှိ တောင်သူ(၁၆)ဦး၊ (၄၄.၀၆)ဧကအတွက် (၈၈၁၂၀၀၀)ကျပ်၊ ပုံးအင်းကျေးရွာအုပ်စုရှိ တောင်သူ(၆၂)ဦး၊ (၁၆၁.၃၁)ဧကအတွက်(၃၂၂၆၂၀၀၀)ကျပ်၊ ဘန်းယဉ်ကျေးရွာအုပ်စုရှိ တောင်သူ(၂၀)ဦး၊ (၇၇.၆၆)ဧကအတွက်(၁၅၅၃၂၀၀၀)ကျပ်၊ တောင်သူပေါင်း((၉၈)ဦး၊ ဧကပေါင်း(၂၈၃.၀၃)ဧကအတွက် စုစုပေါင်းချေးငွေ ကျပ်သိန်း(၅၆၆၀၆၀၀၀)အား မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကျေးရွာအုပ်စု လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost


No comments:

Post a Comment