Pages

Pages

ပေါက်ခေါင်းမြို့၌ လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်လှစ်ပို့ချ


MNP   -   ဖေဖော်ဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်တွင် ၂၉-၁၂-၂၀၂၁  ရက်နေ့ သတင်းစာခေါ် လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများ အတွက် မြို့နယ်အခြေပြုလုပ်ငန်းခွင်အကြိုရက်တို ဆရာအတတ်ပညာသင်တန်းကို ယမန်နေ့ နံနက်  ၉ နာရီခွဲအချိန်က  အ.ထ.က (ပေါက်ခေါင်း) ရွှေရတုခန်းမတွင် ကျင်းပခဲ့သည်။


သင်တန်းဖွင့်ပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးအေးလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။


အဆိုပါ သင်တန်းတွင် နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥဒေ၊ ဝန်ထမ်းကျင့်ဝတ်နှင့် စည်းကမ်း၊ သင်ကြားရေးဆိုင်ရာမှတ်တမ်းများ၊ မူလတန်းဆင့်‌ ဆရာလမ်းညွှန်စာအုပ်များစသည့် ဘာသာရပ်များကို မူလတန်းနှင့်မူလွန်ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး(၅)ဦးက  သင်ကြားရေး လုပ်ငန်းခွင်ဝင်ရောက်မည့် လက်ထောက် (မူပြ) ဆရာ၊ ဆရာမ (၆၂) ဦးအား  ၅ ရက်ကြာသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။


သန်းထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment