MNP - ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ရုံးဝန်ထမ်းများက ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ညနေ(၂)နာရီအချိန်က အဆိုပါ မြို့နယ်ရုံး၏ (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် ဦးစီးအရာရှိ ဒေါ်အေးအေးအောင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး လုပ်ငန်းလက်စွဲစာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်စောမိုးက ဝင်စာများကိုအရေးယူခြင်း၊ ရုပ်သံကျွမ်းကျင် ၃ ဒေါ်ခင်ခင်အေးက စာရွက်စာတမ်းများလုံခြုံစွာ ကိုင်တွယ်ထိန်းသိမ်းခြင်းတို့ကို ရှင်းလင်းဆွေးနွေးပြီး၊ ဝန်ထမ်းတစ်ဦးချင်းမှ သိရှိလိုသည်များအား မေးမြန်းကြရာ ဦးစီးအရာရှိမှ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
လှကျော်
https://t.me/MyanmarNationalPost

No comments:
Post a Comment