Pages

Pages

တရားမဝင် ခဲသတ္တုများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဓာတုကုန်ကြမ်းပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ


MNP  -    ဖေဖော်ဝါရီ ၂၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သောပူးပေါင်းအဖွဲ့က သတင်းအရ ထားဝယ်မြို့ ကျောက်မော်ရပ်ကွက် ကျန်းမာရေးလမ်း၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့မှ မြိတ်မြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်တွင် ရော်ဘာချေးများဖြင့် ဖုံးအုပ်လျက်သယ်ဆောင်လာသော တရားဝင်စာရွက် စာတမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် ခဲမဖြူ/ အဖြိုက်နက် ခဲသတ္တု ပိဿာ ၃၀၈၀ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၉၄၀၀၀၀၀နှင့် အဆိုပါ ခဲသတ္တုများ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇၀၀၀၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၆၄၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထောက်ခံချက်မပါရှိ


ထို့အတူ ဖေဖော်ဝါရီ ၂၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီံမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်/ ဆိပ်ကမ်းများမှ တာဝန်ကျစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသည့် Gas Spring ၄၄၀ ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်း လေးမျိုး၊ သွင်းကုန်လိုင်စင်နှင့် ထောက်ခံချက်မပါရှိသည့် Barium Sulfate ၁၄၅၀ကီလိုဂရမ် ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၃၃၉၁၂၅ ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ပရိဘောဂပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၆၂၁၆၀၀ ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်ဝန်စည်များနှင့်အတူ ရောနှောသယ်ဆောင်လာသောတရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လက်ကိုင်စကားပြော စက်ခြောက်စုံနှင့် မိုဘိုင်းလ်ဖုန်း (အဟောင်း) အလုံး၂၀ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၅၀၀၀၀ ကိုလည်းကောင်းစုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၃၇၅၁၀၇၂၅ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။


ဖမ်းဆီးရမိအရေးယူ


အလားတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သံလွင်တံတား (ဘားအံ) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ခရီးသည်တင် မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၆၄၀၀၀၀)ကို လည်းကောင်း၊ Honda Wave Alpha အမျိုးအစားဆိုင်ကယ်ခုနစ်စီး၊ Honda PCX 160 အမျိုးအစား ဆိုင်ကယ်နှစ်စီး၊ Honda Click 160 အမျိုးအစားဆိုင်ကယ်သုံးစီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၆၀၀၀၀၀) ကိုလည်း ကောင်း၊ အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Golden Dragon Bus အမျိုးအစားမော်တော်ယာဉ်တစ်စီး(ခန့်မှန်း တန်ဖိုးငွေကျပ် ၆၅၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၄၂၄၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


လုပ်ထုံးလုပ်နည်းနှင့်အညီ


ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ လှည့်ကင်းတာဝန်ကျပူးပေါင်းအဖွဲ့က သတင်းအရစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သိန္နီမြို့နယ် (ပန်စုံကျေးရွာမှ စံလောင်းကျေးရွာ) ရှောင်ကွင်းလမ်းအနီးတွင် ရပ်တန့်ထားသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ စာရွက်စာတမ်းအထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၅၇၅၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၂၃၅၇၅၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ ၁၃ မှု


သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာအမှုတွဲ ၁၃ မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၁၇၂၅၇၂၅) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment