Pages

Pages

သာယာဝတီမြို့၌ မေမြို့ပန်းစိုက်ပျိုးရောင်းချသူများ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိ






MNP  -  ဖေဖော်ဝါရီ  ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိကထားလုပ်ကိုင်လျက်ရှိပြီး စပါးများရိတ်သိမ်းပြီး လယ်ကန်သင်းများ အားလပ်ချိန်တွင် နေ့စဥ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်အတွက် မေမြို့ပန်းစိုက်ပျိုးရောင်းချသည့် မိသားစုများရှိကြောင်း စီနှခွကျေးရွာ တောင်သူဦးဖိုးဆိတ်၏ လယ်မြေများတွင် စိုက်ပျိုးထားသောမေမြို့ပန်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဉ်ခူးဆွတ်ရောင်းချသဖြင့် မိသားစုစားဝတ်နေရေး  အဆင်ပြေလျက်ရှိကြောင်း သိရသည်။


မေမြို့ပန်းသည် ပန်းမျိုးကွဲများစွာရှိ​ပြီး ပန်းစိုက်ပျိုးသူများအနေဖြင့် ပန်းပျိုးပင်အမျိုးအစားအလိုက် ငွေကျပ်(၂၀)ကျပ်မှ (၂၅)ကျပ်အထိ ဝယ်ယူစိုက်ပျိုးပြီး (၄)လအကြာတွင် ပန်းများစတင်ရောင်းချကြရကြောင်း၊ ပန်းများရောင်းချရာတွင် ပန်းပင် (၁၀) ပင်ခန့်ပါဝင်သော ပန်းတစ်စည်းအား ပန်းလှပမှုနှင့်ပန်းအမျိုးအစားအပေါ်မူတည်၍ ငွေကျပ်(၂၀၀၀) ကျပ်မှ (၂၅၀၀)ကျပ်အထိ ရောင်းချရကြောင်းပန်းစိုက်ပျိုးရောင်းချသူထံမှ သိရသည်။


မေမြို့ပန်းများ စိုက်ပျိုးရာတွင် အပင်သန်မာပြီး ကိုင်းဖြာမှုကောင်းစေရန်နှင့် ဦးစွာသဘာဝ မြေသြဇာဖြစ်သည့် နွားချေးများနှင့်မြေအားပြုပြင်ပြီး ပန်းအမျိုးအစားနှင့် မြေအမျိုးအစားအလိုက် ပန်းစိုက်မြေဘောင်များပြုလုပ်၍ စိုက်ပျိုးရကြောင်း၊ အရောင်အသွေးလှပစေရန်အတွက် ရေဖျန်းစနစ်ဖြင့်စိုက်ပျိုးပြီး အပင်၏ကိုင်းဖျားမှအစ အောက်ခြေအထိ ပန်းပင်တစ်ပင်လုံးရေရရှိသောကြောင့် အရွက်များအမြဲစိမ်းလန်းကာ ရောင်းချရာတွင် လူကြိုက်များ​သဖြင့် နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစု တစ်ဖက်တစ်လမ်းမှ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။


သန့်ဇော်

 https://t.me/MyanmarNationalPost



No comments:

Post a Comment