Pages

Pages

နစကအဖွဲ့ဝင်ဟောင်းများ ပါဝင်သော နစက (ဗဟို) အကြံပေးအဖွဲ့ ဖွဲ့စည်း


MNP ၊ ဖေဖော်ဝါရီ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အစိုးရသက်တမ်း (၂)နှစ်ပြည့်ပြီး အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုများ လုပ်ဆောင်ခဲ့ပြီး ယခင် နစကအဖွဲ့ဝင်တချို့ပါဝင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟို အကြံပေးအဖွဲ့ကို ဖွဲ့စည်းလိုက်သည်။

အဆိုပါ နစက(ဗဟို) အကြံပေးအဖွဲ့တွင် ဦးစောထွန်းမြင့်အောင် (အဖွဲ့ခေါင်းဆောင်)၊ အဖွဲ့ဝင်များအဖြစ် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒယ်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒေါက်တာ မောင်မောင်နိုင် တို့ (၉)ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။


#MyanmarNationalPost


No comments:

Post a Comment