ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ) အဆောက်အဦ သုတေသနနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲနှင့် လမ်းသုတေသနနှင့် အရည်အသွေးထိန်းသိမ်းရေး ဌာနခွဲတို့ကို ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ) အဆောက်အဦ သုတေသနနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲနှင့် လမ်းသုတေသနနှင့် အရည်အသွေးထိန်းသိမ်းရေး ဌာနခွဲတို့ကို ကြည့်ရှုစစ်ဆေး


MNP    -    ဖေဖော်ဝါရီ ၁၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင်ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) အဆောက်အဦသုတေသနနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ နှင့် လမ်းသုတေသနနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲရုံးသို့ ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးစဉ် ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အဆောက်အဦ သုတေသနနှင့် အရည်အသွေးထိန်းသိမ်းရေးဌာန သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အသုံးပြုမည့် ဘိလပ်မြေ၊ အုတ်၊ သဲနှင့်ကျောက်စသည့် အဆောက်အဦ လုပ်ငန်းသုံးပစ္စည်းများ၏ အရည်အသွေးများစစ်ဆေးခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများ၏ အရည်အသွေးထိန်းသိမ်းခြင်း တို့ကို ဆောင်ရွက်လျက်ရှိပြီး လမ်းသုတေသနနှင့်အရည်အသွေးထိန်းသိမ်းရေးဌာနအနေဖြင့် လမ်းလုပ်ငန်းများအတွက် မြေသားဓာတ်ခွဲစမ်းသပ်ခြင်း၊ မြေသား အရည်အသွေးအရ လမ်းလွှာဒီဇိုင်းများ ထုတ်လုပ်ပေးခြင်း၊ လမ်းတည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးစစ်ဆေးခြင်းနှင့် လမ်းလုပ်ငန်းအရည်အသွေးများ ပြည့်မီကောင်းမွန်စေရေး ထိန်းသိမ်း စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသဖြင့် တစ်နိုင်ငံလုံးရှိတည်ဆောက်ရေး လုပ်ငန်းများအတွက် များစွာအရေးပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့်စနစ်တကျ စစ်ဆေးဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ ISO 17025 : 2017 အသိအမှတ်ပြု လက်မှတ်ရရှိပြီးသော ဌာနဖြစ်၍ စနစ်တကျစစ်ဆေးဆောင်ရွက်နေသော လုပ်ငန်းစဉ်များကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။


ဓာတ်ခွဲခန်းသုံးပစ္စည်းများကို ခေတ်နှင့်အညီ ဖြည့်တင်းပေးနိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများကို စနစ်တကျထိန်းသိမ်း အသုံးပြုကြရန်နှင့် လုပ်ငန်းခွင်အရည်အသွေး ထိန်းသိမ်းရေးအတွက် အကျိုးရှိထိရောက်စွာ အသုံးပြုသွားကြရမည်ဖြစ်ကြောင်း မှာကြားပြီး ဓာတ်ခွဲခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)