Pages

Pages

ဆလီဘာ နဲ့ ဆာကာတို့ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေတဲ့ အာဆင်နယ်



MNP- ဖေဖော်ဝါရီ  ၆


အာဆင်နယ်အသင်း အဓိကတာင်ပံကစားသမား မာတင်နယ်လီကို ကာလရှည်စာချုပ်ချုပ်ပြီးနောက် ဗဟိုခံစစ်မှူး ဝီလီယံ ဆာလီဘာနဲ့ ညာတောင်ပံကစားသမား ဘူကာယိုဆာကာတို့ကို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေကြောင်း အာဆင်နယ်အသင်း မန်နေဂျာ မီခဲလ် အာတီတာ မှ အတည်ပြုပြောကြားခဲ့သည်။


အသင်းမန်နေဂျာ အာတီတာက  "ကျွန်တော်တို့ စာချုပ်သစ်ကိစ္စ ပြီးမြောက်အောင် ကြိုးစားနေပါတယ်၊ ဒါက ထိပ်တန်းပါရမီရှင်တွေရဲ့ စာချုပ်တွေကို သက်တမ်းတိုးမှာ ဖြစ်ပြီး အသင်းပရောဆက်ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ၊ ကျွန်တော်တို့ တတ်နိုင်သမျှ မြန်မြန် ပြီးအောင် လုပ်သွားမှာပါ။ ” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment