Pages

Pages

မိုင်းယောင်းမြို့၌ ရှေးဟောင်းသမိုင်းဝင် ထပ်အွမ်ကျောက်စေတီသွားလမ်း ကွန်ကရစ်လမ်းခင်းခြင်း စုပေါင်းလုပ်အားဒါနပြု




MNP   -  ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်​ ဝမ်မန်းကျေးရွာအုပ်စု၊ ဝမ်နောင်ဘိုးကျေးရွာအနီးရှိ ရှေးဟောင်းသမိုင်းဝင် ထပ်အွမ်ကျောက်စေတီသွားလမ်း ကွန်ကရစ်လမ်းခင်းခြင်းကို ဝမ်မန်း၊ ဝမ်တုံ့၊ ဝမ်တုန်၊ ဝမ်နောင်ဘိုးကျေးရွာတို့မှ ရွာသူရွာသားများက ယနေ့နံနက်ပိုင်းတွင် စုပေါင်းလုပ်အားဒါနပြုခဲ့သည်။


ထပ်အွမ်ကျောက်စေတီတော်ကို စိတ်အေးချမ်းစွာ ဖူးမြော်နိုင်ရန် စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ကွန်ကရစ်လမ်းခင်းခြင်းအပါအဝင် ဘက်စုံပြုပြင်ဆောင်ရွက်နေကြောင်း၊ ထပ်ပူပိန်း၊ ထပ်ကျန့်ကောက်၊ ထပ်စွမ်ပါမိုင်၊ ထပ်ဟိုဖိုင်၊ ထပ်ကျိန်းကုမ်း၊ ထပ်ဒေါင်ဘွတ်၊ ထပ်အွမ်ကျောက်၊ ထပ်ပန့်မိန်း၊ ထပ်ပူးခမ်းနှင့် ထပ်မြွောင်းဆီးစေတီတော်များသည် မိုင်းယောင်းမြို့၏ ရှေးဟောင်းသမိုင်းဝင်စေတီတော်များဖြစ်ကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment