Pages

Pages

မြောက်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကျင်းပ




MNP   -    ဖေဖော်ဝါရီ  ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ အသိပညာ ပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က သရက်အုပ်ကျေးရွာ ၌ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဌေး မှ " လူနှင့် သက်ရှိတို့အတွက်အန္တရာယ်နှင့်ပတ်ဝန်းကျင်ယိုယွင်းလာမှု" အကြောင်းကို ဟောပြောရာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်ရာတွင် ထိန်းသိမ်းရေး၊ပြန်လည် ထူထောင် ရေး၊ဖန်တီးရေး၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင်တည်ရှိဆဲ ကောင်းမွန်နေသည့် သ ဘာဝပတ်ဝန်းကျင်အခြေအနေများကို တက်ကြွစွာ ထိန်းသိမ်းသည့် လုပ်ဆောင်မှု များပါ ဝင် ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် လူတစ်ဦးချင်းဆိုင်ရာ အသေးအမွှား လေးမှအစ သမုဒ္ဒရာများ ပူနွေးလာမှုအထိ ကျယ်ပြန့်သောလုပ်ငန်းစဉ် များပါဝင်ပြီး ပတ်ဝန်း ကျင်ထိန်း သိမ်းခြင်း၊ သဘာဝတောရိုင်းတိရစ္ဆာန်များကာကွယ်ခြင်း ကမ္ဘာကြီး၏ ဂေဟစ နစ်ထိန်းသိမ်း ကာကွယ်ရေးအတွက်လူသားတို့အတွက် အရေးပါသည့် အကြောင်းအ ရာများကို  ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် အသိပညာဟောပြောပွဲသို့ ဒေသခံပြည်သူများ (၅၂) ဦးခန့်တက်ရောက်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာ စောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment