Pages

Pages

လွိုင်လင်မြို့တွင် (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ


MNP  -   ဖေဖော်ဝါရီ  ၇

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ကျရောက်သည့် (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်မ၌ ယနေ့နံနက် (၈ နာရီခွဲ)က ကျင်းပသည်။


ရှေးဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်မှလည်းကောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ထံမှပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွဋ် က ဖတ်ကြားပါသည်။


အဆိုပါ ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost


No comments:

Post a Comment