Pages

Pages

အုတ်တွင်းမြို့နယ် ဗောဓိကုန်းအခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ


MNP  -   ဖေဖော်ဝါရီ  ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ဗောဓိကုန်းအခြေခံပညာအထက်တန်းကျောင်းဝင်း၌ ကျင်းပသည်။


ဦးစွာလူငယ်စကားဝိုင်းကို ဗောဓိကုန်းအခြေခံပညာအထက်တန်းကျောင်းအုပ် ဦးကြည်လင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ‌ဒေါ်ခင်မူမူဝင်းက ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်စေရန်၊


လူငယ်များအချင်းချင်း ရင်းနှီးခင်မင်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်အထက်တန်းပြဆရာဦးကျော်ဇေယျတို့က ဦးဆောင်ဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူငါးဦးက လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။


ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့်  ကျောင်းသား၊ ကျောင်းသူများကလည်း စကားဝိုင်း၏ ခေါင်းစဉ်အလိုက် သိရှိလိုသည့်အချက်များကို  မေးမြန်းဆွေးနွေးခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။


အေမင်းရည်စော

 https://t.me/MyanmarNationalPost

No comments:

Post a Comment