Pages

Pages

မင်းလှမြို့နယ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများနှင့်တွေ့ဆုံဆွေးနွေး




MNP  - ဖေဖော်ဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဌာနဆိုင်ရာများ၏ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီက  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင်  မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်း‌အောင်က မြို့နယ် အတွင်း၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့်  ဌာနဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် တာဝန်ယူ ဆောင်ရွက်နေသည့် ကုမ္ပဏီများမှ အလေးထားလိုက်နာဆောင်ရွက်ရန်၊ လုပ်ငန်းများအလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးရန်နှင့်လုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်အရည် အသွေး စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာဌာနနှင့်


ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။


ယင်းနောက် တက်ရောက်လာသည့်  ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ တင်ပြချက်များအပေါ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား  ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ဇာဇာ

 https://t.me/MyanmarNationalPost

No comments:

Post a Comment