Pages

Pages

ကွန်းတောင်(အထက)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ




MNP    -   ဖေဖော်ဝါရီ ၅

         ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီး ဌာနမှ ကြီးမှူး၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ ၃ ရက်နေ့က အဆိုပါကျောင်းခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်းသိရသည်။


       ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အောင်ကျော့ခင်က အမှာစကားပြောကြားပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးခင်မောင်ဌေးက “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်အစိုးရမှ (၂၀၂၃-၂၀၂၄)ပညာသင်နှစ်တွင် ဖွင့်လှစ်သွားမည့် အားကစားသိပ္ပံ(စစ်တွေ) ကျောင်းသို့ တက်ရောက်ခွင့်ရရှိရေးအတွက် အားကစားသိပ္ပံနှင့်ပတ်သက်၍ သိသင့်သိထိုက်သော အချက် အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။


      အဆိုပါ ဟောပြောပွဲသို့ အထက(ပြ) ဆရာ၊ ဆရာမများနှင့်ကျောင်းသား/သူ ၁၁၀ ဦး တက်ရောက်ခဲ့ပြီး၊  U-19 ဘောလုံးလက်ရွေးစင် ကစားသမား မောင်ဇော်လင်းနိုင်က ကျန်းမာ ကြံ့ခိုင်စွမ်းရည် ကစားနည်း(၃)မျိုးဖြင့် သရုပ်ပြသ ဖြေဖျော်ပေးပြီး၊ အားကစားအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်အားကစားဦးစီးမှူး ဦးခင်မောင်ဌေး ထံမှသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment