Pages

Pages

ကန်ကြီးထောင့်မြို့ တွင် ဆောက်လုပ်လျှက်ရှိသော စက်မှု ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်း ဆောက်လုပ်နေမှု အခြေအနေ အားတိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှူစစ်ဆေး





MNP  -  ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် အမှတ်(၁)ရပ်ကွက် ရှိ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း ဆောက်လုပ်နေမှုအခြေအနေအား ယမန်နေ့ နေ့လည်အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဦးဆောင်သောအဖွဲ့မှ လာရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။


အဆိုပါ ကြည့်ရှုစစ်ဆေးရာတွင် ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ ကန်ကြီးထောင့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်မေသန်းနှင့် ဆောက်လုပ်ရေးတာဝန်ခံတို့မှ အဆောက်အဦး ဆောက်လုပ်မှု အခြေအနေတို့အား အသေးစိတ်ရှင်းလင်းတင်ပြကြသည်။


ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မြို့ အမှတ်(၁)ရပ်ကွက်၊ လောကမှန်ကူစေတီတော် ဘုရားပါတ်လမ်းတွင် ဆောက်လုပ်လျက်ရှိသော အဆိုပါအထက်တန်းကျောင်းသည် အ.ထ.က (၁) ကျောင်းပိုင်မြေနေရာတွင် ဆောက်လုပ်လျက်ရှိပြီး ယခင်က မြို့ကျက်သရေဆောင် လောကမှန်ကူဆုတောင်းပြည့် စေတီတော်ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပသည့်ရက်များတွင် ပျော်ပွဲရွှင်ပွဲကျင်းပခဲ့သည့်နေရာဖြစ်ပြီး အဆိုပါကျောင်းဆောက်လုပ် ပြီးစီးပြီးပါက မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးဒေသခံကလေးများ၏ အလုပ်အကိုင်အခွင့်အလမ်းရှိရုံသာမက မြို့နယ်နှင့်နီးစပ်ထိတွေ့လျက်ရှိသော ကျေးရွာများ၊ မြို့များမှ ကလေးများပါ လာရောက်တက်ရောက် နိုင်မည်ဖြစ်သည်။


မဇင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment