ရွှေပြည်သာမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေပြည်သာမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ



MNP  -    ဖေဖော်ဝါရီ   ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)တွင် ကျင်းပကြောင်း သိရသည်။


အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးက ပြိုင်ပွဲများကျင်းပပေးခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲများအား အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူများနှင့် အမှတ်(၂၃)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူများစုစုပေါင်း(၁၉)ဦးဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရရှိသူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးခင်မောင်မြင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးနှင့် အမှတ်(၂၃)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မိုးဝါတို့က ဆုများအသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြကြောင်း သိရသည်။  ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်များအား စိတ်ဝင်စားစွာ လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။


နေမျိုးထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)