Pages

Pages

တောင်ကုတ်မြို့၌ လောကချမ်းသာ မြသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ပွဲနှင့်ရေစက်သွန်းချအလှူတော်မင်္ဂလာအခမ်းအနားစည်ကားသိုက်မြိုက်စွာကျင်းပ





MNP  -  ဖေဖေါ်ဝါရီ ၄

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့နယ်၊ကိုင်းရှည်ကျေးရွာ၊စေတျာရာမကျောင်းတိုက် အတွင်း တည်ထားကိုးကွယ်တော်မူသော လောကချမ်းသာ မြသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲနှင့် ရေစက်သွန်းချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်း က ကျင်းပခဲ့ ကြောင်းသိရသည်။


ရှေးဦးစွာ နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သူရိယ(ကိုင်းရှည်စေတျာရာမကျောင်းတိုက်ဆရာတော်) နှင့် ပင့်သံဃာ(၁၂၀)တို့က လောကချမ်းသာ မြသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းလောင်းတော် မူကြသည်။ 


ထို့နောက် အခမ်းအနားသို့ တက်ရောက် လာကြ သည့်ဧည့်ပရိတ်သတ်များက ကိုင်းရှည် စေတျာရာမ ကျောင်းတိုက် ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူတည်ဆောက်ပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။


ဉာဏ်တော်(၇၅)ပေရှိလောကချမ်းသာ မြသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကို ကိုင်းရှည် စေတျာရာမကျောင်းတိုက် ဆရာတော်ဘုရားကြီးနှင့်အလှူရှင် များက အများပြည်သူဖူးမျှော် ကုသိုလ်ပြု နိုင်ရန် ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ အလှူရှင်များတက်ရောက်ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment