Pages

Pages

မန်တုံမြို့တွင်းရှိ ဘုရား၊ စေတီများ၌ တပို့တွဲလပြည့်နေ့ ဘုရားမီးလှုံပူဇော်ခြင်း ဆောင်ရွက်



MNP  -  ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၌ တပို့တွဲလပြည့်နေ့ ဗုဒ္ဓမြတ်စွာဘုရားအား ရည်မြော်၍ ဘုရားမီလှုံပူဇော်ခြင်းကို နှစ်စဉ် မန်တုံမြို့နယ်အတွင်းရှိ ဘုရား၊ စေတီများ၌ကျင်းပ ဆောင်ရွက်ကြကြောင်း သိရသည်။


ထိုသို့ ဘုရားမီးလှုံပူဇော်ခြင်းကို မန်တုံမြို့နယ်အတွင်းရှိ ဘုရား၊ စေတီကျောင်းတိုက် ဆရာတော်များနှင့် ရဟန်းသံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများက ငါးပါးသီလဆောက်တည်ခြင်းများ ဆောင်ရွက်ပြီး ဘုရားမီးပူဇော်ရာကျောင်းတိုက်ရှိ အိမ်ထောင်စုလူဦးရေးအလိုက် မိမိတို့ကိုယ်တိုင် ခုတ်ယူစုဆောင်းထားသော ထင်းဖြူများအား စေတီပုံတည်ထားပြီး သံဃာတော် အရှင်သူမြတ်များမှ မီးပူဇော်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဘုရားမီးလှုံပူဇော်ပွဲကို ရိုးရာဓလေ့အစဉ်အလာအတိုင်း နှစ်စဉ် တအာင်းဒေသများ၌ တပို့တွဲလပြည့်နေ့တိုင်း ပူဇော်ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment