တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲများ ပြုလုပ်


MNP ၊ ဖေဖော်ဝါရီ ၃

မြန်မာတို့၏ (၁၂)လရာသီပွဲတော်များအနက် ကောက်ပဲသီးနှံ၊ ဆန်၊ စပါးတို့ ထွက်ရှိပြီး ဖူလုံစေသည့်လဖြစ်သော တပို့တွဲလတွင် အဖွဲ့လိုက် စုပေါင်းဆောင်ရွက် ရသည့် စည်းလုံးညီညွတ်မှုစွမ်းအားကို ဖြစ်စေသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲများကို နိုင်ငံအဝန်းတွင် ဒေသအလိုက် စည်ကားသိုက်မြိုက်စွာကျင်းပ‌လေ့ရှိကြသည်။ 

ထို့အတူ တိုင်းစစ်ဌာနချုပ်အသီးသီး၌ အရာရှိ၊ စစ်သည်၊ မိသားစုများကလည်း မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိသည်။

ထိုသို့ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိကွင်း၌ လည်းကောင်း အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အလိုက် ပြိုင်ပွဲဝင်အသင်းများက မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြသည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲများသို့ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသူများ အား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)