Pages

Pages

ပုဏ္ဏားကျွန်း(အထက)၌ စားသုံးသူကွယ်ပေးရေး အသိပညာပေးဟောပြာပွဲပြုလုပ်



MNP  -   ဖေဖေါ်ဝါရီ ၁

 ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေး ဦးဆောင်သည့် ဝန်ထမ်းများက  စားသုံးသူများ လုံခြုံစိတ်ချမှုရရှိစေရေးအတွက် စားသုံးသူ ကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ယနေ့၊ နံနက်(၁၀)နာရီက အဆိုပါ အထက်တန်းကျောင်းခန်းမဆောင်၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။ 


     ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေးက စားသုံးသူများ ဘေးကင်းလုံခြုံစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက်  ရည်မှန်းချက်တာဝန်(၄)ရပ် ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ပေးနေမှုတို့အား ရှင်းလင်းပြောကြားခဲ့သည်။


    ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော်တက်ရောက်ခဲ့ကြပြီး၊ စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေးလက်ကမ်း စာစောင်များ(အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment