Pages

Pages

မြောင်းမြမြို့နယ်၌ အမှိုက်များစနစ်တကျ စွန့်ပစ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ


MNP  -  ဖေဖော်ဝါရီ   ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က  မြို့သန့်ရှင်းသာယာ လှပရေးနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာ မူလတန်း (မရမ်းကုန်းရွာမ)ကျောင်းနှင့် မျိုးဆက်သစ် ကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။  အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့  လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးဦးက ကျောင်းသား၊ ကျောင်းသူများအား စည်းကမ်းတကျ အမှိုက်စွန့်ပစ်ရန်၊ အမှိုက်အမျိုးအစားများ ခွဲခြား၍ စနစ်တကျ စွန့်ပစ်တတ်ရန်၊ မီးဖိုချောင်ထွက်အမှိုက်၊ ဆေးရုံဆေးခန်းထွက်အမှိုက်၊  စက်ရုံ၊ အလုပ်ရုံထွက် အမှိုက်၊ တည်ဆောက်ရေး လုပ်ငန်းထွက်အမှိုက်၊  သာမာန်အမှိုက်  စသည့် အမှိုက်အမျိုးအစားများ၊ အမှိုက်စို၊ အမှိုက် ခြောက် ခွဲခြားစွန့်ပစ်ရန်၊  အမှိုက်စနစ်တကျ စွန့်ပစ်ခြင်းကြောင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများ၊ စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်း သာယာလှပစေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို ဟောပြောပြီးနောက် စည်ပင် သာယာရေးဝန်ထမ်း များက အမှိုက်ခွဲခြားစွန့်ပစ်ခြင်းကို လက်တွေ့သရုပ်ပြသခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။


မြောင်းမြမြို့နယ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လိုက်လံနှိုးဆော် ကြေညာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment