Pages

Pages

ပုဏ္ဏားကျွန်းမြို့၌ ရခိုင်စာပေဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ရွေးချယ်တင်မြှောက်ပွဲနှင့် ကဗျာစာတမ်းဖတ်ပွဲကျင်းပ

       




                                       

MNP  -   ဖေဖော်ဝါရီ ၄

       ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ မြို့နယ်စာပေကော်မတီမှ ကြီးမှူး၍ ရခိုင့်စာပေကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး၊  ရခိုင်စာပေဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ရွေးချယ်တင်မြှောက်ပွဲ ကို ယမန်နေ့၊ နေ့လယ်ပိုင်းက အဆိုပါ Community Centre ခန်းမတွင်ကျင်းပခဲ့သည်။ 


  ရှေးဦးစွာ မြို့နယ်စာပေကော်မတီ ဥက္ကဋ္ဌ ဦးလှဘော်သူက ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးရာဇ်မြေမဂ္ဂဇင်း အမှတ် (၁၄)ထုတ်ဝေနိုင်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်း ပြောကြားပြီး၊  တက်ရောက်လာကြသည့်  စာပေကော်မတီဝင်များက အကြုံပြုဆွေးနွေးတင်ပြခဲ့ကြသည်။ ဆက်လက်၍ ရခိုင်စာပေ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။


     ထိုနောက် ဂူဝဘုရားရင်ပြင်ပေါ်၌ ဦးရာဇ်မြေ ကဗျာရွတ်ဆိုခြင်း၊ ကဗျာစာတမ်းဖတ်ပွဲ ကို ဆက်လက်ကျင်းပရာ စစ်တွေမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့မှ စာရေးဆရာ၊ ကဗျာဆရာများ တက်ရောက်ကြပြီး၊ မိတ်ဆက်စကားပြောကြားကာ ကိုယ်တိုင် ရေးသားထုတ်ဝေတဲ့ ကဗျာများ ရွတ်ဖတ်ခြင်း၊ ကဗျာရဲ့ ဆိုလိုရင်းအဓိပွါယ်နှင့် ကဗျာစာတမ်း  (၃)စောင်ကို ဖတ်ကြားခဲ့ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီထံမှသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment