Pages

Pages

ကွင်းလယ်လူသစ် အန်ဇို ဖာနန်ဒက်ဇ်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ ဂရေဟမ် ပေါ်တာ



MNP - ဖေဖော်ဝါရီ  ၄


ချဲလ်ဆီးအသင်း နည်းပြ ဂရေဟမ်ပေါ်တာက အသစ်ခေါ်ယူထားတဲ့ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးရျင် ကွင်းလယ်ကစားသမား အန်ဇို ဖာနန်ဒက်ဇ်နဲ့ ပတ်သက်ပြီး “သူက ထူးချွန်တဲ့ကစားသမားတစ်ယောက်ဖြစ်လို့ အန်ဇို နဲ့ စာချုပ်ချုပ်ဆိုရတာကို အရမ်းကျေနပ်မိပါတယ်။” ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဂရေဟမ် ပေါ်တာက “ကျွန်တော် စပိန်စကား ကောင်းကောင်းမပြောတတ်ပါဘူး၊ ဒါပေမယ့် သူ့ကတော့ အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ ကောင်းကောင်း ဆက်သွယ်နိုင်ပါလိမ့်မယ်၊ သူက အထင်ကြီးစရာ လူငယ်တစ်ယောက်ပါ” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment