မိုးညှင်းမြို့နယ် အင်းလေးကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့နယ် အင်းလေးကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး


MNP   -   ဖေဖော်ဝါရီ ၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အင်းလေးကျေးရွာအဝင်၌ ကျေးရွာဘက်စုံသုံး ခန်းမတည်ဆောက်ခြင်း လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ခြင်း လုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာကော်မတီဝင် များအား ဆောက်လုပ်ပြီးစီးခဲ့သည့် အဆောက်အဦကို ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြရန်လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


အင်းလေးကျေးရွာ၌ အလျား ပေ ၆၀၊ အနံပေ ၃၀၊ အမြင့် ၁၂ ပေရှိသော ကျေးရွာဘက်စုံသုံး ခန်းမ တည်ဆောက်ခြင်းလုပ်ငန်းကို (VDP) စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀ နှင့် ကျေးရွာပြည်သူများမှ ထည့်ဝင်ငွေကျပ် (၈၇)သိန်း စုစုပေါင်းငွေကျပ် (၁၈၇)သိန်းဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် ဩဂုတ်လ (၈)ရက်မှ စတင် ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ (၁၃)ရက်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ အဆိုပါ ကျေးရွာတွင် အိမ်ခြေ (၂၀၅)အိမ်၊ အိမ်ထောင်စု (၂၀၈)စု၊ လူဦးရေ (၁၁၀၉) ဦးရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းထံမှ သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)