Pages

Pages

အထက(မြို့မ)ပေါက်တောမြို့၌ လူငယ်စကားဝိုင်းကျင်းပ





MNP  -    ဖေဖော်ဝါရီ  ၂

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အား ကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ ညနေ ၃ နာရီက ပေါက်တောမြို့ အထက(မြို့မ)ကျောင်းရှိ  စုပေါင်းခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန် နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြမင်းထွန်း တို့က အဖွင့်အမှာစကား အသီးသီးပြောကြားကြသည်။


ဆက်လက်၍ လူငယ်စကားဝိုင်းအား စတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ဦးဆောင်ဆွေးနွေး ကာGrade -8မှ ကျောင်းသူမဖြိုးသော်တာ ကစာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ၊Grade-8မှ ကျောင်းသူမငြိမ်းမြတ်ဖြိုး က လူငယ်နဲ့စာရိတ္တ Grade- 8မှ ကျောင်းသား မောင်ဝေယံလင်း ကမျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေး Grade-8မှ ကျောင်းသား မောင်အောင် သန်းဌေး ကလူငယ်နဲ့အားကစားအစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကိုဆွေးနွေးကြသည်။


ထို့နောက် တက်ရောက်လာကြသည့်ကျောင်းသား ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား ကျောင်းသူ လေး ဦးကပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ အဆိုပါလူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ပေါက်တောမြို့ အထက(မြို့မ) ကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ၁၀၀ ဦးခန့် တက်ရောက်ကြသည်။


ထို့ပြင် ခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောအသိ ပညာပေးမူးယစ်ဆေးဝါးနံရံကပ်စာစောင် နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ် စာစောင်တို့ကိုကြည့်ရှုကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment