Pages

Pages

မြို့သစ်မြို့နယ်တွင် ကြက်သွန်နီအသစ်‌ပေါ်ချိန် ဈေးနှုန်းကျဆင်းနေ



MNP   -    ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကြက်သွန်နီများ အသစ်ပေါလာပြီး ကြက်သွန်နီဈေးကျဆင်းနေကြောင်း သိရသည်။


မြို့သစ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် ဆောင်းသီးနှံကြက်သွန်နီကို မိသားစုဝင်ငွေတိုးပွားရေးအတွက် အဓိကစိုက်ပျိုးဆောင်ရွက်ကြရာ မြို့သစ်စည်ပင်သာယာစျေးအတွင်းသို့ နေ့စဉ်ကြက်သွန်နီကုန်ချိန်ငါးရာဝန်းကျင်ခန့် ဝင်ရောက်လျက်ရှိပြီး လက်ရှိအရောင်းအဝယ်ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၁၂ဝ၀) ကျပ်ကျပ်ဝန်းကျင်ရှိပြီး ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍ ကြက်သွန်နီဈေးကျဆင်းလာကြောင်း၊ ယခုနှစ်ကြက်သွန်နီပေါ်ချိန်တွင် ကြက်သွန်နီစိုက်ပျိုးတောင်သူများအနေဖြင့် ကြက်သွန်နီထွက်နှုန်းများ ကောင်းမွန်ခြင်းရှိပြီး ရောင်းချမှု၌လည်း ဈေးနှုန်း‌ကောင်းရရှိခဲ့ကြောင်း လက်ရှိဖြစ်ပေါ်လျက်ရှိသောဈေးတွင် ကြက်သွန်နီထွက်နှုန်းကောင်းမွန်သဖြင့် စိုက်ပျိုးစရိတ်၊ သွင်းအားစု၊ လုပ်သားစရိတ်များအရှုံးမရှိသေးဘဲ အမြတ်နည်းရုံသာရှိကြောင်း သိရသည်။


ကြက်သွန်နီတင်ပို့ရောင်းချသူများအနေဖြင့် လက်ရှိထွက်ပေါ်နေသော ကြက်သွန်နီအသစ်များ လှိုင်လှိုင်ပေါ်သည့်မတ်လနှင့် ဧပြီလအချိန်တို့မှစတင်၍ သိုလှောင်မှုအတွက် ဝယ်ယူကာဒေသအသီးသီးသို့ တင်ပို့ရောင်းချရကြောင်း သိရသည်။    


သန်းဝင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment