Pages

Pages

အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်


MNP  -   ဖေဖေါ်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌  လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံရေး၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများရရှိစေရေး၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနော်လေးလီယန်က လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်းသည် စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး အသိပညာဗဟုသုတရရှိ တိုးပွားစေရေးနှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေး၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများရရှိစေရေး၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေး၊ လူငယ်များအတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးနိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံသားကောင်း လူငယ်များ ဖြစ်လာစေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပရခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။


ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနော်လေးလီယန်က  ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်၍ Grade-11 ကျောင်းသားများဖြစ်ကြသော မောင်မင်းချစ်သူနှင့် မောင်ရဲထက်အောင်တို့က လူငယ်နှင့် ခေါင်းဆောင်မှု၊ Grade-10 ကျောင်းသားများ ဖြစ်ကြ‌သော မောင်ဇွဲထက်ကျော်နှင့် မောင်ဟိန်းစည်သူတို့က လူငယ်နှင့်ယဥ်‌ကျေးမှု၊ Grade-10 ကျောင်းသား‌၊ ကျောင်းသူများဖြစ်ကြသော မောင်သီးသန့်နှင့် မသီရိအောင်တို့က  လူငယ်နှင့်ကျန်းမာရေး ၊ Grade-11 ကျောင်းသူများဖြစ်ကြသော မနေခြည်လင်းနှင့် မဖူးပွင့်စံက လူငယ်နှင့်ပညာရေး စသည့်ခေါင်းစဉ်များဖြင့်  ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။  


အခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် စုစုပေါင်း  (၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment