Pages

Pages

တောင်ငူတက္ကသိုလ်၌ လူငယ်စကားဝိုင်းကျင်းပ


MNP  -   ဖေဖော်ဝါရီ   ၁ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တောင်ငူတက္ကသိုလ်တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တောင်ငူတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ လူငယ်စကားဝိုင်းကျင်းပသည်။


ရှေးဦးစွာ တောင်ငူတက္ကသိုလ်မှ ပါမောက္ခချုပ်ဆရာကြီးဒေါက်တာမြတ်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဆွေဆွေမိုးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်သူဇာဝင်းက ဆောင်ရွက်ပြီး ပါဝင်ဆွေးနွေးသူများအဖြစ် တောင်ငူတက္ကသိုလ်ဥပဒေပညာ(ပဥ္စမနှစ်)မှ မောင်ဝေယံထက်က “လူငယ်နှင့်မူးယစ်ဆေး”၊ မြန်မာစာ(ပထမနှစ်)ဂုဏ်ထူးတန်းမှ မောင်ကျော်မင်းထွန်းက “လူငယ်နှင့်အားကစား”၊ စိတ်ပညာ(စတုတ္ထ)နှစ်မှမောင်ပြည့်စုံဝင်းက “လူငယ်နှင့်စာပေ”၊ အင်္ဂလိပ်စာ(ဒုတိယနှစ်)မှ မမေချမ်းမြေ့ဇင်က “လူငယ်နှင့်Social Media”စသည့် ခေါင်းစဉ်တို့ကို တစ်ဦးချင်းအလိုက်ဆွေးနွေးကြသည်။ ဆက်လက်၍တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်း‌ဆွေးနွေးကြရာ ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်‌ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အဆိုပါ စကားဝိုင်းသို့ တောင်ငူတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊  ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၀၀)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါလူငယ်စကားဝိုင်းအား  ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊  လူငယ်အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပရိတ်သတ်ရှေ့တွင် ပြောဆိုဆွေးနွေးတတ်ရန်၊ လူငယ်များအချင်းချင်းအသိပညာ၊ အတတ်ပညာဗဟုသုတများဖလှယ်နိုင်‌စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်များ‌ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျင်းပခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment