Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်


MNP  -   ဖေဖော်ဝါရီ ၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂ ရက်နေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က ၂၀၂၃ ခုနှစ်၊ တပို့တွဲလပြည့်နေ့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ထမနဲထိုးပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် ပြင်ဆင် ဆောင်ရွက်ထားရှိသည့် အခြေအနေများ၊ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာရုံးများတွင် သန့်ရှင်းရေးဆောင်ရွက်ကြရန် စသည့်တို့ကို မှာကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများက ထမနဲထိုးပြိုင်ပွဲအတွက် လုပ်ဆောင်နေသည့် လုပ်ငန်းများ အသီးသီးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


သက်လွင်စိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment