Pages

Pages

မိုင်းကိုင်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ



MNP  -   ဖေဖော်ဝါရီ  ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်းအသိပညာပေးဟောပြောပွဲကို ယနေ့မနက်ပိုင်းက  အ.ထ.က၊ မြတ်သီရိခန်းမ၌ကျင်းပပြုခဲ့ရာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ  ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ် ဆရာကြီး /ဆရာမကြီးများ နှင့်ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင်  မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆုမွန်နောင်က အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးကာ  မြို့နယ်ဥပဒေအရာရှိ  ဦးငြိမ်းချမ်းထက်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး  ဒေါ်သီတာအောင်တို့က အသစ်ပြဌာန်းထားသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ လူလေးသူငယ်များ၏ အားကစားနှင့်ကာယလှုပ်ရှား မှုသိကြောင်းစရာများကို  အသိပညာပေးဟောပြောကြရာ  တက်ရောက်လာကြသော ကျောင်းသားကျောင်းသူ များက  မိမိတို့သိရှိလိုသည်များနှင့် ပတ်သက်၍  အသီးသီးပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ချော

 https://t.me/MyanmarNationalPost

No comments:

Post a Comment