Pages

Pages

စုကလိမြို့ ပလယ်ဒိုကျေးရွာရှိ သီးထပ်အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်း



MNP  -   ဖေဖော်ဝါရီ ၁

ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ မိပါးအုပ်စု ပလယ်ဒိုကျေးရွာတွင် ရေသွင်းစိုက်ပျိုးထားသည့် သီးထပ်အစေ့ထုတ်ပြောင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။


အစေ့ထုတ်ပြောင်းများ စိုက်ပျိုးရာတွင် များသောအားဖြင့် ထိုင်းနိုင်ငံနှင့်အကျိုးတူပူးပေါင်းစိုက်ပျိုးကြရာ တန်းခူးလမှစတင်၍ အစေ့ချစနစ်ဖြင့်အတန်းလိုက်စိုက်ပျိုးခြင်းဖြင့် စနစ်တကျစိုက်ပျိုးပြီး ဓာတ်မြေသြဇာများစနစ်တကျကျွေး၍ အထွက်နှုန်းကောင်းစေရေး အလေးထားစိုက်ပျိုးကြပြီး    နွေဦးပေါက်ကာလတွင် အစေ့ထုတ်ပြောင်းများ ခူးဆွတ်ခြွေလှေ့ပြီး ရောင်းတန်းဝင်သောအမျိုးအစားများအဖြစ် ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချကြသည်။


ယခုအခါတွင်  စုကလိမြို့ မိပါးအုပ်စု ပလယ်ဒိုကျေးရွာတွင် ရေသွင်းစိုက်ပျိုး၍ သီးထပ်အစေ့ထုတ်ပြောင်းများ စိုက်ပျိုးထားရှိပြီး လာမည့်ခူးဆွတ်ချိန်တွင်လည်း စျေးကောင်းရရှိရန် မျှော်လင့်ထားကြောင်းသိရသည်။


ပိုပိုအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment