Pages

Pages

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး




MNP  -   ဖေဖော်ဝါရီ ၃

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် (၁၀)နာရီက ဟိုပန်မြို့နယ်၊ မန်မိုင်ရပ်ကွက်နှင့် ရွှေဝါကျေးရွာတို့ ဆက်သွယ်ထားသည့် လမ်းပိုင်းအရှည် (၂/၀)မိုင်ရှိသည့်အနက် (၁/၀)မိုင်အား ကျောက်ချောလမ်းခင်းခြင်း​လုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။


ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်၊ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၁၅၆.၇၉၅)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ဟိုပန်မြို့နယ်၊ မန်မိုင်နှင့် နမ့်လျှံရပ်ကွက်များမှ ရွှေဝါကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်နေသည့် လမ်းအရှည် တစ်မိုင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုရာ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး  ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြရာ  ဥက္ကဋ္ဌက လမ်းအရည်အသွေးပြည့်မီစေရေး စနစ်တကျ ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။


ဆက်လက်၍ ဥက္ကဋ္ဌနှင့် အဖွဲ့သည် အဆိုပါ လမ်းပိုင်း(၂)မိုင်မှ ကျောက်ချောလမ်းခင်းရန် ကျန်ရှိသည့် လမ်းပိုင်း (၁)မိုင်အား ကြည့်ရှုစစ်ဆေးရာ လမ်းဧရိယာအတိုင်း အဖြောင့်အတိုင်း ယူဖောက်လုပ်ရန်နှင့် လမ်းအနိမ့်အမြင့် ညီညာစေရန် မြေသားညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ရာဘာခြံပိုင်ရှင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment