Pages

Pages

လွိုင်လင်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဆွေးနွေးပွဲကျင်းပ


MNP  -   ဖေဖော်ဝါရီ  ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့  ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂ ရက်၊ နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမော် က ရှင်းလင်းဆွေးနွေးရာတွင် ဤဥပဒေကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်ပါရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၂ ဖြင့် ထုတ်ပြန်ထားကြောင်း၊ ဥပဒေတွင် အခန်း ၃၀ ပါရှိကြောင်း၊ ပုဒ်မ ၁၂၁ ခုပါရှိကြောင်း နှင့် အခန်းအလိုက်၊ ပုဒ်မအလိုက် အသေးစိတ်ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက် အသိပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြကြောင်း သိရသည်။


အဆိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဆွေးနွေးပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment