Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ်





MNP  -   ဖေဖော်ဝါရီ  ၃

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌  မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏  လုပ်ငန်း ညှိနိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကျ ရောက်မည့် တပို့တွဲလပြည့်နေ့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍   ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ထမနဲ ထိုးပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်း ကျင်းပပြုလုပ်မည်ဖြစ်သဖြင့်  ပြင်ဆင် ဆောင် ရွက် ထားရှိသည့် အခြေအနေများ ၊ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာရုံးများတွင် သန့်ရှင်း ရေး ဆောင် ရွက်ကြရန် စသည့်တို့ကိုမှာကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူ များက  ထမနဲ ထိုးပြိုင်ပွဲအတွက် လုပ်ဆောင်နေသည့် လုပ်ငန်းများ အသီးသီး တင်ပြကြရာ  ဆွေးနွေး တင်ပြချက် များ အ ပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


သက်လွင်စိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment