MNP - ဖေဖော်ဝါရီ ၃
မိတ္ထီလာ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို တက္ကသိုလ်၊ ဒီဂရီကောလိပ်အဆင့် ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ဆက်လက်ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲများမစတင်မီ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)၊ နည်းပညာတက္ကသိုလ်(မိတ္ထီလာ)၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်တို့မှ ကျောင်းသူ၊ ကျောင်းသား ၄၅ ဦးက ပါဝင်ယှဉ်ပြိုင်ကြသည်။ အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို တက္ကသိုလ်၊ ဒီဂရီကောလိပ်အဆင့် ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီ ပြိုင်ပွဲ၊ စာစီစာကုံးပြိင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ချမ်းသာ
https://t.me/MyanmarNationalPost

No comments:
Post a Comment