Pages

Pages

ဒလမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပြပွဲပြိုင်ပွဲများကျင်းပ



MNP   -   ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပြပွဲပြိုင်ပွဲများကို  ယနေ့ နံနက်(၁၀)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။


အဆိုပါ ပြိုင်ပွဲများတွင် ဉာဏ်စမ်း ပဟေဠိ၊ စကားပုံဆက်၊ အင်္ဂလိပ်စာဉာဏ်စမ်း၊ ဆေးရောင်ခြယ်၊ စက္ကူခေါက်၊ ဒိုးဇက်၊ စစ်တုရင် ပြိုင်ပွဲများကို အမှတ်(၇)အခြေခံပညာမူလတန်း ကျောင်းမှ  ကျောင်းသား၊ ကျောင်းသူ(၄၀)ဦးတို့က ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး၊ ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။


ထို့နောက် ဒလမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။


မြင့်ဇော် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment