Pages

Pages

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိ





MNP  -    ဖေဖော်ဝါရီ ၆

    ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့ နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ များကို မြို့မအားကစားကွင်း၌ ဖေဖော်ဝါရီ(၁)ရက်နေ့မှစတင်၍ ကျင်းပလျက်ရှိ ရာ ယနေ့ ညနေ ၃ နာရီ အချိန်တွင် ရှုံးထွက်ပွဲစဥ်များ အဖြစ် သိမ်တောင်(က) အသင်းနှင့်  ကံပိုင်(က)အသင်းတို့ အကြိတ် အနယ်ယှဥ်ပြိုင်ခဲ့ကြကြောင်းသိရသည်။


      ထိုသို့ယှဥ်ပြိုင်ရာတွင် သိမ်တောင်(က)အသင်း က ကံပိုင်(က)ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပွဲကြည့်ပရိတ်သတ်များဖြင့် အထူးစည်ကားခဲ့သည်။


       ပြိုင်ပွဲများ ကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးဇာနည်တိုး နှင့် ဌာနဆိုင်ရာများ က ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment