Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပထမအကြိမ် မြန့်မာရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပပြုလုပ်







MNP   -   ဖေဖော်ဝါရီ  ၅

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍   ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း  ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက တက်ရောက်အားပေးကြသည်။ 


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး  ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း နှင့် အဖွဲ့ဝင်များ  ၊ တာဝန်ရှိသူများက  ခရိုင်/မြို့နယ် ဌာနများအလိုက်  ပြိုင်ပွဲဝင်အသင်းများ၏  တပျော်တစ် ပါး ထမနဲထိုး ယှဉ်ပြိုင်နေမှုများအား  လိုက်လံကြည့်ရှုအားပေးကြသည်။ 


အဆိုပါ ပထမအကြိမ်မြောက် မြန့်မာရိုးရာ ထမနဲ ထိုးပြိုင်ပွဲကို ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အသင်း(၁၀)သင်းမှ ပါဝင်ယှဉ်ပြိုင်ကြပြီး  ပြိုင်ပွဲအပြီးတွင်  ဆုရရှိ သည့် အဖွဲ့များအား ပထမဆု ငွေကျပ် ၃ သိန်း ၊ ဒုတိယဆု ငွေကျပ် ၂ သိန်း  ၊ တတိယဆု ငွေကျပ် ၁ သိန်း  ၊ နှစ်သိမ့်ဆု ငွေကျပ် ၅ သောင်း ကျပ်တို့အား  ဆုများ အသီးသီးဆုချီးမြှင့်ပေးခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment