Pages

Pages

ပုဏ္ဏားကျွန်းမြို့နယ်၌ အသက် ၂ နှစ်အောက်ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းဆောင်ရွက်




MNP  -   ဖေဖော်ဝါရီ ၆

        ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များ ရောဂါ ဘယများ ကင်းဝေးပြီး၊ ကျန်းမာသန်စွမ်းတဲ့ လူစွမ်းအားအရင်းအမြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သူနာပြုဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ နှင့်မြို့နယ်အတွင်းရှိ အသက် ၂ နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များ အား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့၊ နံနက်ပိုင်းက မိခင်နှင့် ကလေးကျန်းမာရေးဌာနနှင့်သတ်မှတ်နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


    အဆိုပါကာကွယ်ဆေးများ တိုက်ကျွေး ထိုးနှံရာတွင်  မွေးစမှအသက် ၂ နှစ်အောက် ကလေးငယ်များအား အသက် အရွယ်အလိုက် ဘီစီဂျီ၊ ပိုလီယို၊ ဆုံဆို့၊ ကြက်ညှာ၊ မေ့ခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆိုတ်ရောင် (PCV)၊ ဝက်သက်၊ ဂျိုက်သိုး စသည့်ကာကွယ်ဆေးများ ထိုးနှံ တိုက်ကွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။


       ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းကို မွေးကင်းစ အသက်နှစ်လမှ တစ်နှစ်(၆)လအထိ၊ သတ်မှတ်ရက်ပြည့်သည့် ကလေးငယ်များအား အလှည့်ကျပုံမှန်(၅)ကြိမ်အထိ၊ ကျန်းမာရေး သူနာပြုဝန်ထမ်းများက စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment