Pages

Pages

ဟုမ္မလင်း၌ သူနာပြုအကူသင်တန်းဖွင့်လှစ်


MNP   -    ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူဆေးရုံ၌ ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။


ဖွင့်ပွဲတွင် ဟုမ္မလင်း ခုတင်(၁၀၀)ဆံ့ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာ ရန်နိုင်ဆွေက မိမိတို့ဌာနအနေဖြင့် သူနာပြုနှင့် သားဖွားဆရာမများ ဘက်စုံဖွံ့ဖြိုးတက်ရေးကိစ္စရပ်များကို ဦးစားပေး လုပ်ငန်းအဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကူသူနာပြုများ မွေးထုတ်လေ့ကျင့် ခန့်အပ်ပေးနိုင်ခြင်းဖြင့် သူနာပြုများ၏ လုပ်ငန်းတာဝန်များကို များစွာအထောက်အပံ့ရရှိစေနိုင်ပြီး၊ ဆေးရုံများတွင် လူနာများကို ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်မည်ဖြစ်ကြောင်း သင်တန်းနှင့် ပတ်သက်၍ အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့ သည်။


အဆိုပါ အကူသူနာပြုသင်တန်းကာလကို (၉)လအထိစာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသူ (၃၀)ဦး တက်ရောက်သင်ကြားကြမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment