Pages

Pages

မြောက်ဦးမြို့၌ ဌာနဆိုင်ရာများပူးပေါင်း၍ ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ ကျင့် ခန်း များ ပြုလုပ်






MNP  -   ဖေဖော်ဝါရီ  ၆

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့် ကရုဏာလှိုင်းသွေးလှူရှင်များအသင်းတို့ပူးပေါင်း၍ ငလျင် ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းများပြုလုပ်ခြင်းကို ပြင်ဈေးရပ်ကွက် အ.ထ.က.(ခွဲ) အ.လ.က(၁) ကျောင်း၌ ယနေ့နံနက် ၁၁ နာရီအချိန်က ဇာတ်တိုက် လေ့ကျင့်ခန်း များပြု လုပ်ခဲ့ ကြောင်း သိရသည်။


ထို့သို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် စာသင်ခန်းအတွင်း ဆရာ၊ဆရာများ နှင့် ကျောင်းသား၊ ကျောင်းသူတို့ ပညာသင်ကြားနေစဉ် ငလျင်အန္တရာယ် အချက်ပေးသံကြားသည်နှင့်  စာသင်ခန်းအတွင်း ကျောင်းသား၊ကျောင်းသူများ မှ ဝပ်/ကာ/ ကိုင်  အနေထားဖြင့် နေကြပြီး အတန်းပိုင်ဆရာမများက ဦးဆောင်၍ ကျောင်းသား/ကျောင်းသူများ မိမိတို့ကျောင်းလွယ်အိတ် များကို ခေါင်းပေါ်တွင် အကာအကွယ်ပုံစံတင်၍ သတ်မှတ်လမ်းကြောင်းအတိုင်း ထွက်၍ ဘေး ကင်းရာစုရပ်သို့ရောက်ရှိချိန် အတန်းပိုင်ဆရာမများက အတန်းအလိုက် အားလုံးလူစစ်ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ အတန်းပိုင်ဆရာမများမှ သတင်းပို့ရာ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား(၃) ဦးပျောက်နေကြောင်း သိရှိသောကြောင့် ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့ မြို့နယ်မီး သတ်ဦးစီးဌာန သို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားမှုအား သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့် ခဲ့ကြောင်း သိရသည်၊၊


ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာ ပျောက် ဆုံးနေသူ (၃) ဦးကို ရှာဖွယ်ကယ်ဆယ်ခဲ့ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျောင်းသား(၃) ဦးကို စု ရပ်အနီးသတ်မှတ်နေရာသို့ သယ်ဆောင်နည်းဖြင့် သယ်ယူခဲံပြီး ရှေးဦးပြုစုခြင်း၊ ခေါင်း ထိ ခိုက်မိ၍ အရေးပေါ်ကုသရန်လိုအပ်သည့်ကျောင်းသားအား ကရုဏာလှိုင်းသွေးလှူရှင်များ အသင်း အရေးပေါ်ကားလူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခြင်း၊ စုရပ်မှကျောင်းသား/ကျောင်းသူများအား မိဘ များ ထံပြန်လည်အပ်နှံခြင်း ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။


ထို့နောက် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးအောင်ဝင်း မှ ငလျင်ဘေးဖြစ်ပေါ်လာလျှင် ကျောင်းသား/ကျောင်းသူများ ပြုလုပ် ရမည့်အချက်များကို ပြောကြားပြီး ကြက်ခြေနီတပ်ဖွဲ့မှူး မှလည်း ကျောင်းတွင်းရှိ ရှေးဦး သူနာပြုစုအဖွဲ့များကို လတ်တလော အနာတရထိခိုက် ဒဏ်ရာရရှိသော ကျောင်းသား /ကျောင်း သူများကို ရှေးဦးသူနာပြုစုနည်းအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။


 ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦစီးအရာရှိ ဦးစန်နီက ငလျင်ဘေးသည် ဘယ်အချိန်ကျ ရောက်မည်ကို ကြိုတင်တွက်ဆ၍မရသောကြောင့် ကျောင်းသား/ ကျောင်းသူ များ အနေဖြင့် ငလျင်ဘေးဖြစ်ပေါ်လာလျှင် ပြုလုပ်ရမည့်အချက်များ၊ ငလျင်ဘေးမှ လွတ်မြောက်ရန်အတွက် ဘေးလွတ်ရာသို့ရောက်ရှိနိုင်ရန် လုပ်ဆောင်ရမည့်အချက်များကို ပြောကြားခဲ့ပြီးနောက် ကျောင်း အုပ်ဆရာမကြီး မှလည်း အခုလို ကျောင်းသား/ကျောင်းသူများ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း များကို သိရှိနားလည်၍ ဆောင်ရန်/ရှောင်ရန် လိုက်နာရမည့်အချက်ကို သရုပ်ပြလေ့ကျင့်ပေးခြင်းအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့သည်။


ဆက်လက်၍ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းသို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူး အောင်ဝင်း ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးလှဝင်း နှင့် အဖွဲ့ဝင်များ ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစန်နီ နှင့် ဝန်ထမ်းများ ၊ လူမှုဝန်ထမ်း ဦးစီးဌာန မှ တာဝန်ရှိသူများ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီ တပ်ဖွဲ့ ဝင်များ၊ အ.ထ.က.(ခွဲ) အ.လ.က(၁) မှ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ၊ ဆရာမ များ တို့က ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူး အောင်ဝင်း နှင့် တာဝန်ရှိသူများ မှ ကျောင်းသား/ကျောင်းသူများကို အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment