Pages

Pages

သာကေတမြို့နယ်၌ စူဠဘွဲ့နှင်းသဘင်ဆင်ယင်ကျင်းပ




MNP   -    ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ကျင်းပခဲ့သည့် ၂၀၂၂-ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆို အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်၊ စာအောင်ဆု အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူ ပူဇော်ပွဲကို ယမန့်နေ့ညနေ (၃)နာရီက ၇/အနောက် ရပ်ကွက်၊ ဇိနမာရ်အောင် စေတီတော်အတွင်းရှိ ဝိမုတ္တရသဓမ္မာရုံ၌ ဆင်ယင်ကျင်းပခဲ့သည်။


 ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တသောဘနထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ကြွရောက်လာကြသည့် သံဃာတော်အရှင်သူမြတ်များမှ မေတ္တာသုတ်တော်အား ရွတ်ဖတ်သရဇ္ဇျာယ်ခဲ့ကြသည်။


ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအားလျှောက်ထားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များမှ အလှူတော်ငွေများ ဆပ်ကပ်လှူဒါန်းကာရေစက်သွန်းချ တရား​တော်နာယူခဲ့ကြသည်။


ဆက်လက်ပြီး သာကေတမြို့နယ်အတွင်းရှိ ၂၀၂၂-ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် သံဃာတော် (၁၂၉) ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စာအောင်လက်မှတ်နှင့် ဂုဏ်ပြုအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် စေတီတော်သြဝါဒစရိယ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာအောင်သံဃာတော်များ စုစုပေါင်း (၁၄၉) ပါးတို့အား စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းများ၊ (၇) ရက်သားသမီး အလှူရှင်များကဆွမ်းဆန်စိမ်းနှင့် အလှူငွေများ လောင်းလှူခဲ့ကြကြောင်း သိရသည်။


ဆောင်းနှင်းဖြူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment