လက်ပံတန်းမြို့၌ ကျေးလက်ကျနန်းမာရေးဌာနခွဲ အဆောက်အအုံသစ်ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လက်ပံတန်းမြို့၌ ကျေးလက်ကျနန်းမာရေးဌာနခွဲ အဆောက်အအုံသစ်ဖွင့်ပွဲကျင်းပ


MNP   -    ဖေဖော်ဝါရီ ၁၉ 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ရေကြည်ကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀နာရီက ရေကြည်ကျေးရွာ အဆိုပါ အဆောက်အအုံရှေ့၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ လက်ပံတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်ဝင်းခိုင်နှင့် တာဝန်ရှိသူများက ရေကြည်ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံကို  လက်ပံတန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခုနှစ်၊  ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၀၅ ဒဿမ ၃၉ သန်းဖြင့် ATK & BROTHER Co:ltd တာဝန်ယူဆောက်ခြင်းဖြစ်ပြီး အလျား ၂၉ ပေ၊ အနံ ၄၁ သံကူကွန်ကရစ် RC တစ်ထပ် အဆောက်အဦးအမျိုးအစားဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)