Pages

Pages

လွိုင်လင်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေအသိပညာပေးဆွေးနွေးပွဲ ကျင်းပ



MNP   -   ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေဖွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။


ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေနှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန လွိုင်လင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်စန်းမြင့်ခိုင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးပါသည်။ ထို့နောက် အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြကြောင်း သိရသည်။


အဆိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေအသိပညာပေးဆွေးနွေးပွဲသို့ လွိုင်လင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ တက်ရောက်ကြသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment