Pages

Pages

ငပလီမြို့အထက(ခွဲ)လင်းသာအခြေခံပညာအထက်တန်းကျောင်း ၌ လူငယ်စကားဝိုင်း ကျင်းပ




MNP  -    ဖေဖော်ဝါရီ  ၁၁

ငပလီမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၁ နာရီကငပလီမြို့အထက(ခွဲ)လင်းသာ အခြေခံပညာ အထက်တန်းကျောင်းထွန်းတောက်ကြယ်ခန်းမ ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ  ငပလီမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။ 


ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးဇေယျာမြင့်ထွန်းက ကျောင်းသား၊ကျောင်းသူလေးများအား လူငယ်စကားဝိုင်းကျင်းပရခြင်းဆိုင်ရာများကို ဆွေးနွေးခဲ့သည်။


ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ အထက်တန်းပြဆရာမ ဒေါ်စန်းစန်းဌေးက ဦးဆောင်၍ "ပညာဘဏ်တိုက် စာကြည့်တိုက် ''ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ အထက(ခွဲ)လင်းသာကျောင်း ၊Grade-11 ကျောင်းသား မောင်သူရိန်အောင်က ပညာဘဏ်တိုက် စာကြည့်တိုက် ခေါင်းစဉ်အောက်မှ  စာကြည့်တိုက်အမျိုးအစားခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10ကျောင်းသားမောင်ဘုန်းမြတ်မောင် က စာကြည့်တိုက် စာအုပ်များထားသိုမှုစနစ်များခေါင်းစဉ်ဖြင့် လည်းကောင်း၊  Grade-10 ကျောင်းသား မောင်ဟိန်းထူးဇေ က စာဖတ်ခြင်း၏အကျိုး ကျေးဇူး ၊Grade-10 ကျောင်းသားမောင်အောင်ကျော်ဇောက လူငယ်နှင့် စာပေ ခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ကြသည်။ 


ထိုသို့ဆွေးနွေးမှုများအပေါ်   Grade-10 ကျောင်းသား မောင်ပြည့်စုံဟိန်းက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး  တက်ရောက်လာကြသည့်ကျောင်းသား၊ ကျောင်းသူလေးများက ဆွေးနွေးမှုများအပေါ်အပြန်အလှန် ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ငပလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသဆောင်ရွက်ထားသောအသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား ကျောင်းသားကျောင်းသူလေးများက လေ့လာဖတ်ရှု့ခဲ့ကြသည်။


လူငယ်များအသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အတွေးအမြင် ကောင်းများရရှိစေရန်၊ အနာဂတ်ရဲ့ သားကောင်းရတနာလေးများဖြစ်သည့်လူငယ်များအတွက် အသိပညာ၊ အတတ်ပညာသာမက  ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ အစရှိတဲ့ဗလငါးတန် ပြည့်စုံနိုင်ရေးတို့အတွက် ရည်ရွယ်၍ ယခုလိုစကားဝိုင်းများကို ကျင်းပပေးခြင်းဖြစ် ဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost


No comments:

Post a Comment