Pages

Pages

ဂွမြို့နယ်တွင် လျှပ်စစ်ဓာတ်အားစဉ်ဆက်မပြတ်ရရှိစေရေးနှင့် ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ




MNP  -   ဖေဖော်ဝါရီလ ၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲသူ မိဘပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လျှပ်စစ်ဓာတ်အားစဉ်ဆက်မပြတ်ရရှိစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်း စေ‌ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဂွမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကြည်အေးဇော်နှင့် လျှပ်စစ်ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ကာ လျှပ်စစ်ဓာတ်အားစဉ်ဆက်မပြတ်ရရှိစေရေး၊ ဓါတ်အား ပျောက်ဆုံးမှု လျော့နည်းစေရေးနှင့်လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် AMI  Smart Meterများအား လှဲလှယ်တပ်ဆင်ခြင်း၊ သုံးစွဲယူနစ် မှန်ကန်စေရေးအတွက် မီတာများကွင်းဆင်းဖတ်ရှုခြင်း၊ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများအား စစ်ဆေးပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


ဒေါ်ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment